ရန်ကုန် အောက်တိုဘာ ၁၀
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောက်တိုဘာ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်း ဒေသကြီး အားကစားနှင့်ကာယပညာကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဆုရအားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ဗိုလ်လုပွဲအဖြစ် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၊ စနူကာ15-Red တစ်ဦးချင်းပြိုင်ပွဲနှင့် စနူကာ 6-Red တစ်ဦးချင်းပြိုင်ပွဲများ ယှဉ်ပြိုင်ကစားမှုကို ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ဆုပေးပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာမြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ခန့်ကျော်က ရမှတ်(၁၀၀)မှတ်ဖြင့်ဘိလိယက် Highest Break ဆုကို ရရှိသွားသော ကျော်မင်း(ဧရာဝတီတိုင်းဒေသကြီး) ၊ ရမှတ်(၁၁၂)မှတ်ဖြင့် စနူကာ 15-Red Highest Break ဆုကိုရရှိသွားသော အောင်ညီညီမောင် (ရန်ကုန်တိုင်းဒေသကြီး)၊ ရမှတ် (၄၉)မှတ်ဖြင့် စနူကာ 6-Red Highest Break ဆုကို ရရှိသွားသော သူရဇော် (ရန်ကုန်တိုင်းဒေသကြီး) တို့ကို Trophy နှင့်အတူငွေသားဆုများကိုအသီးသီးချီးမြှင့်ခဲ့သည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်စွာဝင်း(ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော တေဇာအောင် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော အေးမင်း(မန္တလေးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော ပြည့်ဖြိုးဝင်း (မန္တလေးတိုင်း ဒေသကြီး) တို့ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ကျော်စိုးက ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ကျော်စွာဝင်းနှင့်မင်းခန့်ကို (ဧရာဝတီတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော အေးမင်းနှင့် ပြည့်ဖြိုးဝင်း(မန္တလေးတိုင်းဒေသကြီး)၊ တတိယဆုရရှိသော လှထွန်းနှင့် ရဲလင်း(ရှမ်းပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသောဝင်းဝင်းထွန်းနှင့် နေလင်းဦး (ကရင်ပြည်နယ်) တို့အားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက စနူကာ15 Red တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကောင်းဈာန်ထက် (မကွေးတိုင်းဒေသကြီး)၊ ဒုတိယဆုရရှိသော မျိုးကိုထွေး(ရှမ်းပြည်နယ်)၊ တတိယဆုရရှိသော ရဲရင့်မှူး(ကရင်ပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသောမှူးဝေယံ (ကရင်ပြည်နယ်)တို့အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးဗိုလ်ဌေးက စနူကာ 6-Red တစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ကိုကိုချစ် (ကရင်ပြည်နယ်)၊ ဒုတိယဆုရရှိသော ရဲထွဋ်နိုင်(ဧရာဝတီတိုင်းဒေသကြီး)၊ တတိယဆု ရရှိသော ကမ္ဘာလင်း(ရှမ်းပြည်နယ်)၊ ပူးတွဲတတိယဆုရရှိသော ကျော်စွာလင်း (ဧရာဝတီတိုင်း ဒေသကြီး)တို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက စနူကာ 15-Red နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရဲရင့်မှူးနှင့်မှူးဝေယံ (ကရင်ပြည်နယ်)၊ ဒုတိယဆုရရှိသော အောင်ညီညီမောင်နှင့် အောင်မြင့် (ရန်ကုန်တိုင်းဒေသကြီး)၊ တတိယဆုရရှိသော ကျော်ဝင်းလှိုင်နှင့် လှမင်းထွန်း(မန္တလေးတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော သက်ပိုင်ထက်နှင့် ဟံသာလင်း (ချင်းပြည်နယ်)တို့အား တစ်ဦးချင်းဆု တံဆိပ်များနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက်ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယကရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက စနူကာ 6-Red နှစ်ယောက်တွဲပြိုင်ပွဲတွင် ပထမဆုရရှိသော ရှိုင်းလင်းအောင်နှင့်သက်နိုင်ထွန်း(မွန်ပြည်နယ်)၊ ဒုတိယဆုရရှိသော ချစ်မိုးနှင့် ချမ်းမင်းကျော် (နေပြည်တော်)၊ တတိယဆုရရှိသော ကျော်စွာလင်းနှင့်ရဲထွဋ်နိုင် (ဧရာဝတီတိုင်းဒေသကြီး)၊ ပူးတွဲတတိယဆုရရှိသော သူရဇော်နှင့် သော်တာမင်း (ရန်ကုန်တိုင်းဒေသကြီး)တို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ရွှေ(၂)၊ငွေ(၁)၊ ကြေး(၂)ဖြင့် အသင်းလိုက် တံခွန်စိုက်ဆု ဖလားရရှိသွားသော ဧရာဝတီတိုင်းဒေသကြီးအသင်းအား အသင်းလိုက် တံခွန်စိုက်ဆု ဖလားကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
အောင်မြင့်