တောင်ဥက္ကလာပမြို့နယ်တွင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

တောင်ဥက္ကလာပ အောက်တိုဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာအားကစားခန်းမတွင် အောက်တိုဘာလ ၈ ရက်နေ့ ညနေပိုင်းအချိန်က၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲတစ်လျောက် ဘိလိယက်အမှတ်အများဆုံးရရှိသူများ၊စနူကာ 15-Red အမှတ်အများဆုံးရရှိသူများ၊ စနူကာ 6-Red အမှတ်အများဆုံးရရှိသူများ၊ တစ်ဦးချင်းပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများ၊ ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲတွင် ဆုရရှိသောအားကစား သမားများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားများအား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများကဂုဏ်ပြုပေးအပ်ခဲ့ကြသည်။

အဆိုပါ ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲကို (၂.၁၀.၂၀၂၅)မှ (၈.၁၀.၂၀၂၅)အထိကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်မင်းဟန်(ပြန်/ဆက်)