နေပြည်တော် အောက်တိုဘာ ၁၀
နိုင်ငံတစ်ဝန်းရှိ တိုင်ဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်များအလိုက် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူစည်ကားရာနေရာများတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့မဲပေးကြပါစို့”ဟူသောဆောင်ပုဒ်ပါ လူထုအသိပညာပေးဆိုင်းဘုတ်စိုက်ထူသည့် အခမ်းအနားများကို အောက်တိုဘာ ၉ ရက်နှင့် ၁၀ ရက် တို့တွင် ဆောင်ရွက်ကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဆိုင်းဘုတ်များ စိုက်ထူသည့် အခမ်းအနားများကို ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိနှင့် လယ်ဝေးမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်၊ လသာ၊ ရန်ကင်း၊ ပန်းဘဲတန်း၊ ရွှေပြည်သာ၊ ထန်းတပင်(ရန်ကုန်)၊ တိုက်ကြီး၊ ကွမ်းခြံကုန်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ကော့မှူး၊ ဒေါပုံနှင့် တာမွေမြို့နယ်တို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ ပြင်ဦးလွင်နှင့် မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း၊ မြစ်သားမြို့နယ်တို့၌လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ ခန္တီး၊ ကသာမြို့နယ်တို့၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်၊ ရေကြည်၊ ချောင်းသာ၊ ရွှေသောင်ယံ၊ ဟိုင်းကြီးကျွန်းမြို့နယ်တို့၌ လည်းကောင်း၊ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီ၊ ကော့သောင်း၊ ဘုတ်ပြင်း၊ သရက်ချောင်း၊ လောင်းလုံ၊ ပုလော၊ ကျွန်းစုမြို့နယ်တို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ရေနံချောင်းနှင့် ဂန့်ဂေါမြို့နယ်တို့၌ လည်းကောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲ၊ ကော့ကရိတ်မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ် မိုင်းယန်း၊ တာလေ၊ မိုင်းရှူး၊ ပင်လုံ၊ ကွန်ဟိန်း၊ မိုင်းခတ်နှင့် လဲချားမြို့နယ်တို့၌ လည်းကောင်း၊ ချင်းပြည်နယ် ဟားခါးမြို့၌လည်းကောင်း ကျင်းပရာ အခမ်းအနားများသို့ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လူထုအသိပညာပေးဆိုင်းဘုတ်ကို သတ်မှတ်နေရာများ၌ စိုက်ထူဖွင့်လှစ်ပေးကြကြောင်း သိရသည်။
အလားတူ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ ၁၃ ရက်အထိ ကပ်ထားကြေညာပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်၊ မှော်ဘီ၊ သင်္ဃန်းကျွန်း၊ ဒဂုံ မြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တို့တွင်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး မအူပင်၊ ဖျာပုံ မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မင်းလှ၊ ပေါင်းတည်၊ ဇီးကုန်း၊ နတ်တလင်း၊ ဖြူးမြို့နယ်တို့၌ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ လည်းကောင်း မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများလာရောက်ကြည့်ရှုပြီး လိုအပ်သည့် ဖြည့်စွက်၊ ပြင်ဆင် လျှောက်ထားမှု များ ဆက်လက်လုပ်ဆောင်နေကြကြောင်း သိရသည်။