ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) ကနဦးဆောင်ရွက်ပေး

ကျောက်တန်း အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ စံချိန်မီရပ်ကွက်၊ စိမ့်စမ်းလမ်း၊ အမှတ်(၇၇)၊ ဒေါ်သူဇာမိုးဦး (JUNKO) (ဂျပန်စကားပြောသင်တန်းကျောင်း) အား မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) (FSC) ကနဦးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၁နာရီက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါမီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate) ကနဦးဆောင်ရွက်ခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှုရှိ/မရှိအား ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် မီးသတ်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦး ဦးဆောင်သောအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သန့်ဇင်ထွန်း