အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ပန်း​တာင်း​​ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ​ မြို့နယ်ဦးစီးမှူးဦးကိုကိုဝေဟိန်းဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလှုပ်ရှားမှု  ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။
Jun 25,2021
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ (၂၆)ရက်နေ့ တွင် ကျရောက်မည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ‘မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ’ Talk Show ကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြုလုပ်ရာ မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ဇင်နိုင်က တက်ရောက် ဆွေးနွေးပေးသည်။
Jun 25,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးဝန်းတွင် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင်စိုက်ပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုထိန်းချုပ် နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ၌ အစားအသောက်များ ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူး စက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီ က  မြို့မစျေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ် ငန်းကို ယနေ့ နံနက် ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Jun 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်​၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမ​ပေါ်ရှိ တိုက်ခန်း တစ်ခန်း၌ နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ​တွေ့ရှိရသဖြင့် အဆိုပါလူနာ​နေထိုင်သည့် ​နေအိမ်တိုက်ခန်းနှင့် ပတ်ဝန်းကျင်အား ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က ရွှေရောင် သမိုင်း ပရဟိတအသင်းမှ ပိုးသတ်​ဆေးဖျန်းခြင်း အခမဲ့ကူညီဆောင်ရွက်ခဲ့သည်။