အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2021
ကချင်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဖားကန့် ဒေသသဘာဝဘေးဖြစ်စဉ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်‌ရေး၊ ကယ်ဆယ်‌ရေး လုပ်ငန်းများ နှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၂၃ရက် နံနက် ၁၀ နာရီတွင် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
Jun 25,2021
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အမှတ် ( ၂ ) ရပ်ကွက်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်း ဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် လ.ဝ.က ရုံး RC ( ၂ ) ထပ် ဆောက်လုပ်ခြင်းလုပ်ငန်းသည် ယခုအခါ ၇၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း တာဝန်ခံ အင်ဂျင်နီယာထံမှ သိရသည်။
Jun 25,2021
ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်လွဲ ၁ နာရီက ဆောင်ရွက်သည်။
Jun 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 25,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် COVID-19ရောဂါပိုးရှိ/မရှိ ပြည်သူများအား  နေ့စဉ် စစ်ဆေးပေးလျက် ရှိရာ ဇွန်လ၂၃ရက်နေ့တွင် COVID-19ရောဂါပိုးရှိသူ(၁၈)ဦးနှင့် ၂၄ ရက်နေ့တွင် (၁၁)ဦးရှိကြောင်း သိရသည်။
Jun 25,2021
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်​ ဂွေးပင်အုပ်စု ကင်မွန်းခြုံ​ကျေးရွာ ရွာဦးဘုန်းကြီး​ကျောင်း ဓမ္မာရုံ၌ ယမန်​နေ့ မွန်းလွဲ ၁ နာရီ အချိန်ခန့်က မြို့နယ်​မွေးမြု​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ ဦးဆောင်သည့် နိုင်ငံ​တော်မှ​ထောက်ပံ့မတည်သည့် မြစိမ်း​ရောင်(အသားကဏ္ဍ)ရန်ပုံ​ငွေ​ပေးအပ်ပွဲအခမ်းအနားကျင်းပသည်။
Jun 25,2021
၂၀၂၁-၂၀၂၂ ခုနှစ် လုပ်ငန်းရာသီနှစ်အတွက် (တတိယ)အကြိမ် တင်ဒါပိုက်ချက်များ အိတ်ဖွင့်တင်ဒါ ရောင်းချခြင်း အခမ်းအနားကို ဒိုက်ဦး​​မြို့နယ ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။