Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးအတွက် သစ်တောဦးစီးဌာနနှင့် ကျေးရွာလူထု စုပေါင်း၍ သစ်ပင်များ စိုက်ပျိုး
Jun 25,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ မြိုင်ကြီးငူဆရာတော်ကြီး၏ ဇာတိမွေးရပ်မြေဖြစ်သော နို့ထကျေးရွာ၌ ယနေ့နံနက် ၈နာရီက သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြေစေရေးနှင့် ရာသီဥတု ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရည်ရွယ်၍ ကျေးရွာနေပြည်သူလူထုနှင့် သစ်တော ဦးစီးဌာနတို့ ပူးပေါင်း၍ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းဝင်း၊ ဘုရားနယ်မြေအဖြစ် သတ်မှတ်ထားသောနေရာများ၊ ဥယျာဉ်ခြံနှင့် တောင်ယာခြံများ၌ သစ်ပင်စုစုပေါင်း ( ၃၂၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ဖြန့်ဝေ
Jun 25,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော ''သတင်းစကား'' လက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းကျော်နှင့် ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများ၊ မြို့နယ်စည်ပင်သာယာစျေးနှင့် အမှတ်(၄)ရပ်ကွက်ရုံးရှေ့ ဗိုလ်ချုပ်လမ်းတို့၌ ပြည်သူများ အား ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများအတွက် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း မျိုးစေ့များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၂နာရီအချိန်က ကောလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များဖြန့်ဝေ
Jun 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အသိပညာ ဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ပြည်သူများထံသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေးမြို့၌ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေခြင်းMask Campaign ဆောင်ရွက်
Jun 25,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ပိုင်းက ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ရှိ ရွှေဆံတော်ဘုရားလမ်းဆုံနှင့် အောင်မင်္ဂလာရပ်ကွက် အောင်သီတာဈေး (ရွာကလေးဈေး) အတွင်း/အပြင်များတွင် သွားလာနေသော ပြည်သူများနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နှင့်တံတားဦးမြို့ ဆက်သွယ်ထားသည့် ကတ္တရာလမ်း ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများဆောင်ရွက်
Jun 25,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နှင့် တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့် ကတ္တရာလမ်းအား ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် မြို့နယ်လမ်းဦးစီးဌာနနှင့် ကုဋေထိုက်ကုမ္ပဏီ၊ Rise Up ကုမ္ပဏီတို့မှ အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲကျင်းပ
Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်း က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Jun 25,2021
လားရှိုးမြို့ လူထုအခြေပြုဗဟိုခန်းမ(Community Centre)တွင် ဝန်းထမ်းများ စာပေဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာကျော်လွင်(စက်မှု)ရေးသားသည့် တောအရိပ်တောင်အရိပ် အောက်ကစေတနာပုံရိပ်နှင့်အခြားဝတ္တုတိုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကိုကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26682
Page
26683
Page
26684
Page
26685
Current page
26686
Page
26687
Page
26688
Page
26689
Page
26690
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department