အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး သင်တန်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ရင်းကျေးရွာရှိ Power Gem စက်ရုံ တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
ပြန်ကြားရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နေ့လည်(၁၂)နာရီ (၅၀)မိနစ်တွင် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့ စာကြည့်တိုက် Community Centre ခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ကြောင်းသိရသည် ။
Jun 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဆိုင်ရာ ဦးစီးဌာနရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု၊ လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ပေးနေကြောင်း သိရသည်။
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဒေသခံပြည်သူများ စာပေဝါသနာရှင်များ စာပေဖတ်ရှုခြင်းဖြင့် အသိဉာဏ်ပညာနှင့် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာရေးဆရာ လယ်တွင်းသားစောချစ်၏" ပန်းလိုချင်အပင်ကို ပျိုးတတ်မှ " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 21,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများနှင့် သစ်ထောင့်ကျွန်း ကျေးရွာအုပ်စုရှိကျေးရွာများ မြေအောက်ရေသွင်း ပြောင်းဖူး စိုက်ပျိုးကြရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဈေးနှုန်းမြင့်ဆုံး ရောင်းချနေရကြောင့် သစ်ထောင့်ကျွန်းကျေးရွာ ပြောင်းဖူးပွဲစား ဦးဝင်းတင့်ထံက သိရသည်။
Jun 21,2021
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအသွင်ဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ မောင်တောခရိုင်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင် စိုက်ပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန်က မေယုဂေါက်ကွင်းအနီး မောင်တော-အငူမော် ကားလမ်းဘေး တွင် ကျင်းပပြုလုပ်ခဲ့ကြသည် ။
Jun 21,2021
ကချင်ပြည်နယ် မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတွင် ဇွန်(၁၉)ရက် နံနက်(၉)နာရီခွဲက ပညာရေးဌာန၌ အစားထိုးခန့်ထားရန်အတွက် ဆရာ/ဆရာမများ စာမေးပွဲကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ(၅၂၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြသည်။