ပုသိမ် ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁)၌ ဇွန် ၂၁ ရက်နေ့ မွန်းလွဲ (၂)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်ဦးအုန်းမြင့်နှင့်အဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနညွှန်ကြားရေးမှူးနှင့်တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့်အစိုးရမဟုတ်သောအမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးအမျိုးသမီးကော်မတီဥက္ကဋ္ဌတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးအုန်းမြင့်က အမှာစကားပြောကြားသည်။၎င်းနောက် တိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ တိုင်းဒေသကြီးအတွင်း ဆောင်ရွက် ထား ရှိသည့် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုရှင်းလင်းတင်ပြခဲ့ပြီးန၊တက်ရောက်လာသူ ဌာနဆိုင်ရာများနှင့် အမျိုးသမီးကော်မတီဝင်များမှကဏ္ဍအလိုက်အထွေထွေ ကိစ္စရပ်များကိုဆွေးနွေး တင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်မြင့်