အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုထိန်းချုပ် နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်‌ ဆောင်ရွက်လျက်ရှိရာ မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ထမင်းဆိုင်များ၌ အစားအသောက်များ ရောင်းချရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နေပြည်သူများ ကိုဗစ် -၁၉ ရောဂါကူး စက်မှုအန္တရာယ်မှ ကာကွယ်နိုင်ရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့်မြို့နယ် ကြက်ခြေနီအသင်းတို့ ပူးပေါင်းပြီး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီ က  မြို့မစျေးတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2021
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ နှာခေါင်းစည်းတပ်ဆင် သွားလာစေရေး Mask Campaign ပြုလုပ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ် ငန်းကို ယနေ့ နံနက် ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်ရှိ လူစည်ကားရာ နေရာများတွင် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
Jun 25,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်​၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းမ​ပေါ်ရှိ တိုက်ခန်း တစ်ခန်း၌ နေထိုင်သူ အမျိုးသားတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ​တွေ့ရှိရသဖြင့် အဆိုပါလူနာ​နေထိုင်သည့် ​နေအိမ်တိုက်ခန်းနှင့် ပတ်ဝန်းကျင်အား ယမန်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်က ရွှေရောင် သမိုင်း ပရဟိတအသင်းမှ ပိုးသတ်​ဆေးဖျန်းခြင်း အခမဲ့ကူညီဆောင်ရွက်ခဲ့သည်။
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ၂၃ ရက်နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Jun 25,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူကြီးများအား ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့နံနက်က ဒေါင်းဥကျေးရွာရှိ တောင်သူ (၄၂) ဦးအား အဆိုပါဘဏ်ခွဲတွင် ချေးငွေထုတ်ပေးခဲ့ကြောင်း သိရသည်။
Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်‌နေ့ ညနေ ပိုင်းက လဟယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်)မှ တာဝန်ရှိသူများ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အစီအမံများဆောင်ရွက်၍ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စနစ်တကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။