လဟယ် ဇွန် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ပိုင်းက လဟယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇာနည်၀င်းက ဆွေးနွေးရာတွင် လက်ရှိ အခြေအနေ အရ ကိုဗစ်-၁၉ ရောဂါ ပို့တွေ့ လူနာများတိုးပွါး လာတာကြောင့် လဟယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းကို အလေး ထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် အလိုက် ရှင်းလင်းဆွေးနွေးပြီး လဟယ်ပြည်သူ့ဆေးရုံမှ ဆေးဗိုလ်ကြီး ဒေါက်တာသက်ပိုင်စိုးမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် နေရာကြိုတင်စီစဉ်ထားရှိမှုနှင့် ဆေးဝါး ပစ္စည်းများ စုဆောင်းမှုအခြေအနေနှင့်ပတ်သက်၍ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီ၀င်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် လုပ်ငန်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍အပြန် အလှန် ဆွေးနွေး ခဲ့ကြောင်းသိရသည်။လဟယ်မြို့နယ်သည် ယနေ့အချိန်အထိ ရောဂါပိုးတွေ့လူ လုံး၀မရှိသောမြို့နယ လည်းဖြစ် သည့်အတွက် ကြိုတကာကွယ်ရေးလုပ်ငန်းကို တင်းကြပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
လဟယ်(ပြန်/ဆက်)