နမ့်စန်တွင် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ပေး

နမ့်စန်()    ဇွန်   ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်တွင် တောင်သူများအတွက် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်)မှ တာဝန်ရှိသူများ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေး အစီအမံများဆောင်ရွက်၍ ယမန်နေ့ နံနက်ပိုင်းမှစတင်၍ စနစ်တကျထုတ်ပေး လျက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စပါးတစ်ဧက ကျပ်တစ်သိန်းခွဲ နှုန်း၊ အခြားသီးနှံ တစ်ဧကကို ကျပ် တစ်သိန်းနှုန်းဖြင့် စပါး ၄၀၀ ဧက အခြားသီးနှံ ၉၀၀ ဧက၊ စုစုပေါင်း တောင်သူ ၁၆၁၄ ဦးအတွက် ငွေကျပ်သိန်းပေါင်း ၃၅၀၀ ထုတ်ပေးနိုင်ရန်လျာထားပြီး ဇွန်လ ၂၄ ရက်နေ့တွင် ဟိုင်းနားကြီးကျေးရွာအုပ်စုရှိ တောင်သူ ၁၄၈ ဦးအား ငွေကျပ် ၉၄၅သိန်း ၅သောင်း ကျပ် စတင်ထုတ်ချေးပေးခဲ့ကြောင်းနှင့် ကျန်ရှိ သော ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း အမြန်ဆုံးဆက်လက်ထုတ်ချေး ပေးသွား မည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(လွိုင်လင်) မန်နေဂျာ ဦးကြည်စိုး ထံမှ သိရသည်။

မြို့နယ်ပြန်/ဆက်