ကသာ အောက်တိုဘာ ၉
ကသာမြို့နယ်၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် MEVM မဲပေးစက် ကိုင်တွယ်အသုံးပြုနည်း နည်းပြသင်တန်းနှင့် စက်ကိုင်သင်တန်းတို့ကို အောက်တိုဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကသာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်တန်းခန်းမတွင် ပြုလုပ်ခဲ့သည်။
သင်တန်းတွင် ရွေးကောက်ပွဲ၌ MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုမည့် ဝန်ထမ်းများအား MEVM မဲပေးစက်များ Installation ပြုလုပ်ခြင်း၊ စက်များကို ကိုင်တွယ်အသုံးပြုနည်းများ၊ မဲပေးစက်များ ကြိုတင်ပြင်ဆင်ခြင်းနှင့် ဆန္ဒမဲပေးမည့်နေ့တွင် မဲပေးစက်များ အသုံးပြု ဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ Video Conferencing ဖြင့် ဆွေးနွေးပို့ချခဲ့သည်။
အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ မြန်မာအီလက်ထရောနစ် မဲပေးစနစ်ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့ဝင်များ၊ မဲပေးစက်ဆိုင်ရာနည်းပညာ အထောက်အကူပြုအဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်တွယ်အသုံးပြုမည့်ဝန်ထမ်းများ၊ စုစုပေါင်း (၁၂၉)ဦး တက်ရောက်ကြကြောင်းနှင့်သင်တန်းကို အောက်တိုဘာ (၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ နံနက်(၉)နာရီမှ ညနေ(၅)နာရီအထိ (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)