မိုင်းဖြတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေ‌ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တွေ့ဆုံပွဲပြုလုပ်

မိုင်းဖြတ် အောက်တိုဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊  မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေ‌ထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တွေ့ဆုံပွဲကို အောက်တိုဘာလ ၈ ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်ဦးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည့် အခြေအနေများ၊ ရွေးကောက်ပွဲလုပ်ငန်း ဆိုင်ရာများ၊ မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်ကြေညာထားသည့် အခြေအနေများ၊ မဲဆန္ဒနယ်မြေများ သတ်မှတ်ချက်များ၊ မဲပေးစက်များကိုမြို့နယ်အလိုက် စနစ်တကျအသုံးပြုသွားမည့် အခြေအနေများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်က တွေ့ဆုံပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေအကြောင်း သိကောင်းစရာများနှင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်ပနိုင်ရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမှာစကားများ ပြောကြားခဲ့သည်။  ယင်းနောက် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မင်းဝင်းက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲသည် ထူးခြားသည့်ရွေးကောက်ပွဲဖြစ်ကြောင်းနှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြားခဲ့သည်။   

   ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မြင့်ဝင်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကိုရှင်းလင်းတင်ပြခဲ့ပြီး မိုင်းဖြတ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ  ဦးစီးအရာရှိ ဦးအောင်မြတ်မိုး၊ မိုင်းယောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးတင်မိုးဝင်းတို့က မြို့နယ်အလိုက်  ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ (MEVM) မဲပေးစက်အကြောင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို (Power Point)ဖြင့် ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင်က နိဂုံးချုပ်စကားများ ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)