ရွှေပြည်သာ အောက်တိုဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် အမှတ်(၂၃)ရပ်ကွက် သိမ်ချောင်းလမ်းသွယ်၌ အောက်တိုဘာလ ၇ ရက်နေ့ ည ၈ နာရီ ၁၈ မိနစ်အချိန်တွင် အကျယ် (၂၀×၆၀) သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂)ထပ်လူနေအိမ် (၁)လုံး သီတင်းကျွတ်မီးထွန်းရာ အနီးရှိ အဝတ်အထည်များသို့ ကူးစက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီး လောင်ရာသို့ မီးငြှိမ်သတ်ယာဉ် (၁၂)စီး၊ ရေသယ်ယာဉ် (၁၂)စီး၊ အုပ်ချုပ်မှုယာဉ် (၁)စီး၊ သန္ဓေမီးသတ် (၇၆)ဦး၊ အရန်မီးသတ် (၅၆)ဦးတို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ၅၈ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် အကျယ်အဝန်း (၂၀×၆၀) သွပ်မိုးအုတ်ညှပ်၊ ကွန်ကရစ်ခင်း (၂)ထပ် လူနေအိမ်(၁)လုံးနှင့် အကျယ်အဝန်း(၂၀×၆၀)သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် လူနေအိမ်(၁)လုံး မီးလောင်းဆုံးရှုံးခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)