အမြို့မြို့အနယ်နယ်သတင်းများ

Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရောဂါပိုးတွေ့သူများနှင့် ဆက်စပ်သူများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးထံမှ သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့ သည့် အတည်ပြုလူနာ အမျိုးသမီးငယ်သုံးဦးသည် ဝမ်ဇလီလော်ကျေးရွာ ဝန်ထမ်းအိမ်ရာ ယာယီဆေးကုသဆောင်၌ ဆေးကုသမှု ခံယူပြီးနောက် ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက်ပိုင်းအချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
Jul 15,2021
Coronavirus Disease 2019 ကိုဗစ်-၁၉ရောဂါ ကူးစက်မှုတတိယလှိုင်းသည် မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားသည့် လူနာများ များပြာလာသဖြင့် မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက်များကို ပြည်သူ များ သိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Jul 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ဇူလိုင်လ ၁၄ရက်နေ့ နံနက်ပိုင်း အထိ ကိုဗစ် -၁၉ရောဂါအတည်ပြု လူနာ (၂၃၆)ဦးအထိရှိပြီး ၊ ဆေးရုံဆင်းခွင့်ရှိသူ (၃)ဦးနှင့် သေဆုံးသူ(၂၃)ဦး ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်း က ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တို့က ရပ်ကွက်နှင့်ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jul 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း နှင်းသီး(ကြောင်မျက်လုံးသီး)ကို ဝယ်ယူစားသုံးသူများပြားသဖြင့် ခူးယူရောင်းချသူများ အဆင်ပြေလျက်ရှိသည်။
Jul 15,2021
မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် မြို့အနှံ့အပြားတွင် ပိုးသတ်ဆေးဖြန်းခြင်းကို ယမန်နေ့ ညနေပိုင်း က ဆောင်ရွက်သည်။