လှိုင်းဘွဲ ဇူလိုင် ၁၅
Coronavirus Disease 2019 ကိုဗစ်-၁၉ရောဂါ ကူးစက်မှုတတိယလှိုင်းသည် မြန်မာနိုင်ငံတွင် ရောဂါကူးစက်ပြန့်ပွားသည့် လူနာများ များပြာလာသဖြင့် မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ညွန်ကြားချက်များကို ပြည်သူ များ သိရှိနိုင်စေရန်နှင့်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လှိုင်းဘွဲမြို့နယ် ကျေးရွာများတွင် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်မြှင့်တင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာ များတွင် ရွာအတွင်းသို့ ဝင်ရောက်မည့် လမ်းထိပ်များတွင် စစ်ဆေးဂိတ်များ ဖွင့်လှစ်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ အဝင်အထွက် စစ်ဆေးခြင်းများ၊ Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်း၊ လက်ဆေးဘေစဉ်ထားရှိ၍ လက်ဆေးခြင်း၊ စသည့်လုပ်ငန်းများကို ကျေးရွာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုကယ်ဆယ် ရေးအဖွဲ့နှင့် ရွာသားများက အလှည့်ကျ တာဝန်ယူဆောင်ရွက်နေသလို တစ်ချို့ ကျေးရွာများတွင် လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြည်ပ ဧည့်သည်များ ရွာတွင်းသို့ မဝင်လာရအောင်နှင့် ရွာတွင်းတွင် ရွာသူ/သားများအနေဖြင့် မိမိအိမ်တွင် နေထိုင်ရေးအတွက် ရွာအဝင်/အထွက် လမ်းပိတ်ထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)