Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ရောဂါပျောက်ကင်းသဖြင့် ဆေးရုံဆင်းခွင့်ရ
Jul 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူများ ရောဂါပျောက်ကင်းသဖြင့် ယမန်နေ့နံနက် ၁၀ နာရီခွဲတွင် ဆေးရုံဆင်းခွင့်ရကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက ပြောကြားချက်အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်ဆန်မြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိ
Jul 11,2021
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်အတွင်း Quarantine Centre များတွင် ထားရှိသည့် နေရာများသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ရာ ယမန်နေ့တွင် အမျိုးသား(၂)ဦးထံမှ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီက လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Jul 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်းနှင့် ရိပ်သာများ တွင် သံဃာတော်များ ကိုဗစ် - ၁၉ ကာလအတွင်း ဆွမ်းခံမထွက်ရသဖြင့် ကိုဗစ်စည်းကမ်းများနှင့်အညီ သီတင်းသုံးနိုင်ရေး အတွက် တနင်္သာရီတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ထောက်ပံ့လှူဒါန်းလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဘုန်းတော်ကြီးကျောင်းများသို့ လှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ် ထွေ/အုပ် ရုံးဝန်ထမ်းများအား စားနပ် ရိက္ခာ(၁၁) မျိုး ထောက်ပံ့ပေးအပ်
Jul 10,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများအား စားနပ်ရိက္ခာ (၁၁) မျိုး ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၃နာရီ ခွဲ အချိန်က မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည် ။
အပြည့်အစုံ ဖတ်ရန်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ
Jul 10,2021
မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ ကျင်းပပြုလုပ်လျက်ရှိသော ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲနှင့်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့ နန့်ကောင်းချောင်း ရေမြင့်တက်လာမှုကြောင့် ချောင်းကမ်းပါး မြေပြိုကျသဖြင့် လူနေအိမ် တစ်လုံးရွှေ့ပြောင်းပေးပြီး မြေထိန်း နံရံများ ဆောင်ရွက်လျက်ရှိ…
Jul 10,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြို့မရပ်ကွက်အတွင်းရှိ နန့်ကောင်း ချောင်းရေမြင့် တက်လာမှုကြောင့် ပေ(၉၀၀)တံတား အထက်ပိုင်း လဝါးကျေးရွာဘက်ခြမ်းတွင် ဇူလိုင်(၅)ရက်နေ့က အလျားပေ(၉၀၀)ခန့်၊ အနံ(၂၇)ပေခန့် ချောင်းကမ်းပါးပြိုကျခဲ့သဖြင့် ဇူလိုင်(၆) ရက်နေ့မှ (၉)ရက်နေ့ထိ လူနေအိမ်တစ်လုံးဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး မြေထိန်းနံရံများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လဟယ်မြို့ တွင် Quarantine Centre ၀င်သူ(၇)ဦးအားအိမ်ပြန်ခွင့်ပြု
Jul 10,2021
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင်လ(၁)ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ သံသယရှိသူများနှင့် ပိုးတွေ့အရပ်မှ ပြန်လာသူများအား လဟယ်မြို့ အားကစားခန်းမ Quarantine Centre တွင်သီးခြားထားရှိပြီး နှာခေါင်းတုံ့ဖတ်ရယူ၍ (၃)ရက်ပြည့်သည့်နေ့တွင်
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများလာသည့်အတွက် ကိုဗစ် လူနာဆောင် တိုးချဲ့၍ ကျန်းမာရေးစောင့်ရှောက်ကုသပေး
Jul 10,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာများလာသည့် အတွက် ရောဂါပိုးရှိပြီး ကိုဗစ်ရောဂါလက္ခဏာခံစားရမှု မရှိသည့် စိတ်ချရသောလူနာများအား ကန်ခေါင်းရပ်ကွက်ရှိ ယာယီပိတ်ထား သော ပြည်သူ့ဆေးရုံ မိခင်နှင့်ကလေးကုသဆောင်သို့ ဇူလိုင်လ(၉)ရက်နေ့က တိုးချဲ့ကာ ကျန်းမာရေးစောင့်ရှောက်ကုသပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26406
Page
26407
Page
26408
Page
26409
Current page
26410
Page
26411
Page
26412
Page
26413
Page
26414
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department