ဟိုပုံး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဟိုပုံးမြို့နယ် (Covid-19) ရောဂါကာကွယ် တားဆီးရေး စစ်ဆေးရေးဂိတ်သို့ ယနေ့နံနက်(၈)နာရီခွဲက စားသောက်ကုန် ပစ္စည်းနှင့် အလှူငွေ များလာရောက်လှူဒါန်းခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှူး ဒေါက်တာ မောင်မောင်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းတို့ အား ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်သည့် ဌာနဆိုင်ရာများနှင့် Volunteer များအတွက် စားသောက်ကုန်ပစ္စည်းနှင့် အလှူငွေများကိုလှူဒါန်း ပေးခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဒေါက်တာ ကျော်ထွန်းနှင့် အဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါကာကွယ်တားဆီးရေး စစ်ဆေးရေးဂိတ် ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် လမ်းညွှန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)