အမြို့မြို့အနယ်နယ်သတင်းများ

Jul 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံလူမယ်ကယ်ဆယ်ရေးအဖွဲ့မှ ဒေသ နေပြည်သူများ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတ ရရှိစေ ရန်၊ ပြည်သူများ နိုးနိုးကြားကြား ရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေး လိုက်လံနိုးဆော် ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ် ဝါအထူးဇုံနှင့် ဝါမျိုး စေ့ထုတ်( ၃ဝ၄ )ဧက အတွက် ဝါမျိုး သန့်မျိုးစေ့နှင့် လူနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မလှိုင်မြို့နယ် သပြေပင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အတွင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 09,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ သံလွင်ဦးမြို့မစျေးနှင့် နံနက်ခင်းစျေး အတွင်း စျေးရောင်း၊ စျေးဝယ်သူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင် ရန်နှင့် ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့ရုံးမှဆေးဝါး ပစ္စည်းနှင့်အခြေခံစားသောက်ကုန်ပစ္စည်းရောင်းချသောဆိုင်များကိုသာဖွင့်လှစ်ရောင်းချခွင့်ပြုထားပြီး အလှကုန်ပစ္စည်း၊လူသုံးကုန်ပစ္စည်းများရောင်းချသော ဆိုင်ခန်းများကို ယာယီပိတ်ထားရန်စျေးကော်မတီအားညွှန်ကြားထားကြောင်း သိရသည်။
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကိုဗစ်-၁၉ ရောဂါပိုး ထိတွေ့ခဲ့သည့် ပြည်သူများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ရွေ့လျားရှာဖွေစနစ်ဖြင့် ကိုဗစ် -၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ ယနေ့နံနက်ပိုင်း က အမှတ်(၃)ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသား(၇)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်း (၁၀)ဦးထံတွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၌ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေချိန် ဖျားနာလူနာများအား (အခမဲ့) ကုသပေးသည့် သုခတုပ်ကွေးဆေးခန်းကို သဲကုန်းရပ်ကွက် အောင်သပြေလမ်းတွင်ဖွင့်လှစ်ပြီး  ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 09,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ များပြားလာသဖြင့် အသိပညာပေး နှိုးဆော် မှုများအား အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြဝတီမြို့ပေါ် ရပ်ကွက်များအတွင်း  လိုက်လံနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။