အမြို့မြို့အနယ်နယ်သတင်းများ

Jul 10,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီ၏ အစီအစဉ်ဖြင့်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ယာဉ်ထိန်းတပ်ဖွဲ့တို့မှ ဝန်ထမ်းများနှင့် ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ယနေ့နံနက် ၇ နာရီ က ဘူတာပျံကျဈေးနှင့် အမှတ် ၈ ရပ်ကွက်ရှိ အခွန်လွတ်ဈေးတို့တွင် ပါးစပ် နှာခေါင်းစည်းMask များအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jul 10,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင် အတွက် အမြို့မြို့အနယ်နယ်မှလာသော ကုန်တင်ယာဉ်များနှင့်ခရီးသည်တင်ယာဉ်များကို မြို့တွင်းရပ်နားခွင့်မပြု ကြောင်းဆိုင်းဘုတ်အား ယနေ့နံနက်(၉)နာရီအချိန်က မြို့ထဲပြည်ထောင်စု လမ်းမကြီးပေါ်တွင် စိုက်ထူးခဲ့ကြောင်းသိရသည်။
Jul 10,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကိုမိုင်းလုံမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် (၁၀)အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က ပုသိမ်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးစင်တာများ ကြည့်ရှု စစ်ဆေးခဲ့သည်။
Jul 10,2021
ကော့သောင်းမြို့တွင် ကိုဗစ်၁၉ရောဂါ ကူးစက်ခြင်းဖြစ်စဉ်များ ထိန်းချုပ်မှု ထိရောက်ရေး အများပြည်သူနှင့်သက်ဆိုင်သည့် နေရာတစ်ချို့ယာယီ ပိတ်သိမ်း ထားကြောင်း ဇူလိုင်လ ၁၀ရက်နေ့ က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံ မှသိရသည်။
Jul 10,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများမှ ဆရာ/ဆရာမများအား လတ်တလောအသက်ရှုလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာ ရီက ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများမှ ထိုးနှံဆောင်ရွက်ပေးလျှက်ရှိ ကြောင်းသိရသည်။
Jul 10,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။