ကျွန်းစု ဇူလိုင် ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရောဂါပိုးတွေ့သူများနှင့် ဆက်စပ်သူများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးထံမှ သိရသည်။
စစ်ဆေးရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများက ပိုးတွေ့လူနာ ဘဏ်ဝန်ထမ်း(၂)ဦးမှ ဆက်စပ်၍ ဘဏ်ဝန်ထမ်း(၄)ဦးနှင့် မိသားစုဝင်(၈)ဦး၊ ပေါင်း(၁၂)ဦးအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ဘဏ်ဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်(၁)ဦးတို့တွင် ကိုဗစ် - ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
ရောဂါပိုးတွေ့ရှိသူ(၂)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ် -၁၉ ရောဂါသီးခြား စောင့်ကြည့်ဆောင် တွင် ထားရှိ၍ ဆေးဝါးကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်သူထိတွေ့ခဲ့သူများအား ကရုဏာ နာရေးကူညီမှုအသင်းပိုင် ကျန်းမာရေးအထောက်အကူပြု မော်တော်ယာဉ်ဖြင့် Quarantine Centre သို့ ပို့ဆောင်၍ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်