Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဟင်္သာတမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အလှူရှင်များက လာရောက် လှူဒါန်း
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ရှိ ဆေးကုသမှုခံယူနေသော ပိုးတွေ့အတည်ပြု လူနာများအတွက် ယနေ့ နေ့လည်ပိုင်းက အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးခြင်း ဆောင်ရွက်
Jul 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသော ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပေးချက်များကို မြို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များက အများပြည်သူ ဆက်သွယ်သွားလာ လျက်ရှိရာ ငါးသိုင်းချောင်းမြို့အဝင် ကြိုဆိုပါ၏လမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် ဘုရားလမ်းဆုံ၊ ဗိုလ်ချုပ်လမ်းနှင့် လမ်းမတော်လမ်းဆုံ၊ စည်ပင်သာယာမြို့မဈေး၊ အောင်ဆန်းရပ်ကွက်ဈေးတို့တွင် အာယုပါ လူမှုရေးအသင်း အသံချဲ့စက်ယာဉ်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးသစ် ဆောက်လုပ်ရန် ပန္နက်တင် မင်္ဂလာ အခမ်းအနားကျင်းပ
Jul 13,2021
မလှိုင်မြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးသစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မိတ္ထီလာ-မြင်းခြံ ကားလမ်းမဘေးရှိ အဆိုပါကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မြေနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်လေဆိပ်အတွင်း COVID CENTER ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို လာရောက်ကြည့်ရှု
Jul 13,2021
မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၄၁၀-A)၊ ချမ်းမြသာစည် လေဆိပ်အတွင်း COVID CENTER ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို က ယမန်နေ့ နံနက် ၁၁နာရီက လာရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ကိုဗစ်-၁၉ရောဂါကုသရေး လုပ်ငန်းအတွက် အောက်စီဂျင်စက်ရုံ ထုတ်လုပ်လည်ပတ်နိုင်မှု အခြေအနေ သွားရောက် ကြည့်ရှုစစ်ဆေး
Jul 13,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေးနှင့် လုံလောက်သည့် ပမာဏပြည့်မီစွာရရှိရေးအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့၊ မန်ခိန် ရပ်ကွက်အတွင်းရှိ အောက်စီဂျင်စက်ရုံ လည်ပတ်မှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီတွင် သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁ဝဝ)ထားရှိနိုင်ရန် ကြိုတင် ဆောင်ရွက်ထားရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရိုးကျေးရွာရှိမှ ရိုးတိုက်နယ်ဆေးရုံကို ကိုဗစ်-၁၉ အတည်ပြု လူနာများအတွက် အရေးပေါ်နေရာ လိုအပ်လာပါက လူနာ(၁ဝဝ)ထားရှိနိုင်ရန် ကုတင်များ ကြိုတင်ပြင်ဆင် နေရာချထားခြင်း၊ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်ထွေ/အုပ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေရရှိ
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နန်းနီကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေ ရရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး
Jul 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုရသေးသည့် အခြေခံပညာ ဦးစီးဌာနမှ ဆရာ/ဆရာမ (၁၀၀)ဦးအာ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း(၃)ထပ်ဆောင် အစည်းအဝေး ခန်းမတွင် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26372
Page
26373
Page
26374
Page
26375
Current page
26376
Page
26377
Page
26378
Page
26379
Page
26380
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department