ချမ်းမြသာစည်လေဆိပ်အတွင်း COVID CENTER ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို လာရောက်ကြည့်ရှု

မန္တလေး ဇူလိုင် ၁၃

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၄၁၀-A)၊ ချမ်းမြသာစည် လေဆိပ်အတွင်း COVID CENTER ဆောက်လုပ်နေမှုအား မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးမောင်ကို က ယမန်နေ့ နံနက် ၁၁နာရီက လာရောက်ကြည့်ရှုခဲ့သည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုသည် အဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးဦးတို့လိုက်ပါ၍ COVID CENTER ဆောက်လုပ်နေမှုအား လာရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ လေဆိပ်တာဝန်ခံ ဦးလေးအောင်၊ နန်းမြင့်မိုရ်ဟိန်း ကုမ္ပဏီမှ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဦးမင်းထွေးတို့မှ ဆောက်လုပ်ပြီးစီးမှု အခြေအနေအား လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

ထိပ်ထားနိုင်