စဉ့်ကိုင်မြို့နယ် နန်းနီကျေးရွာတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေရရှိ

စဉ့်ကိုင် ဇူလိုင် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နန်းနီကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများတွင် ထန်းလျှော်တောင်းများ ရက်လုပ်ခြင်းဖြင့် မိသားစု အပို၀င်ငွေ ရရှိကြောင်း သိရသည်။

အညာဒေသ၏ သရုပ်သဏ္ဍာန်ကို ထင်ဟပ်ပြသနေသည့်  ထန်းပင်သည်တစ်ပင်လုံး အသုံး၀င်လျက်ရှိပြီး ထန်းရွက်ကို  အမိုးအဖြစ်အသုံးပြုခြင်း၊  ထန်းလျှော် တောင်းများ ထန်းဖျာများ၊ ထန်းသားဖြင့် အိမ်ဆောက်ခြင်း၊ ထန်းရည်ချို၊ ထန်ရည်ခါး၊ ထန်းသီးမုန့်၊   ထန်းပင်မြစ်၊  ထန်းလျှက် စသည်ဖြင့်   အသုံး၀င် လျက်ရှိရာ   လူအသုံးအဆောင်  ပစ္စည်းများဖြစ်သည့်  ထန်းလျှော်တောင်း ရက်လုပ်ခြင်းကို နန်းနီကျေးရွာအုပ်စု အတွင်းရှိ  နေပူရွာ၊  မြေတော်၊ မြောက်အင်း၊ ကုန်းသာကျေးရွာများ၌  လယ်ယာ လုပ်ငန်းနားချိန်တွင်  ကျေးရွာဒေသထွက်  ထန်းလျှော်များဖြင့် တောင်းများ ရက်လုပ်လျက်ရှိကြောင်း သိရသည်။

ထန်းလျှော်တောင်းသည် ခိုင်ခန့်သည့်အတွက် တောင်သူများမှ အဓိကထား ၀ယ်ယူသုံးစွဲ လျက်ရှိရာ စပါးချိန်သည့် တောင်းတစ်တောင်းလျှင် ငွေကျပ်(၂၀၀ဝိ/-)ဖြင့် လည်းကောင်း၊ ငရုပ်ကောက်သည့် တောင်းတစ်တောင်းလျှင် (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချရပြီး ကျေးရွာအရောက် လာရောက် ဝယ်ယူ လျက်ရှိသောကြောင့် ငွေတစ်သောင်းကျပ် ရင်းနှီးလျှင် ထက်၀က်ခန့်အမြတ်ရရှိပြီး လူတစ်ဦးလျှင် တစ်နေ့ပျမ်းမျှ(၈)လုံးခန့် ပြီးစီးသည့်အတွက် မိသားစု အပို၀င်ငွေရကြောင်း သိရသည်။

ညိုညိုဝင်း