စဉ့်ကိုင် သြဂုတ် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဖလံဗိုလ် ကျေးရွာတွင် ကျန်းမာရေး ၀န်ကြီးဌာန ကထုတ်ပြန်ထားသော ညွှန်ကြားချက်များ ပြည်သူများ တိတိကျကျ လိုက်နာဆောင်ရွက်စေရန် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှုးနှင့် ၀န်ထမ်းများက ယနေ့ နံနက် (၈) နာရီ၌ ဖလံဗိုလ်ကျေးရွာအတွင်း လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုဗစ်- ၁၉ရောဂါ အသိပညာပေးနှိုးဆော်ရာတွင်အသက်(၆၅)နှစ် အထက်အဘိုးအဘွား များအား ကိုဗစ်−၁၉ ကာကွယ်ဆေးများကို စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် နံနက် ၉နာရီမှ ညနေ(၃)နာရီအထိ ထိုးနှံပေးလျက်ရှိရာ သွားရောက်ထိုးနှံကြရေး၊ ကိုဗစ်−၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး အတွက် အတတ်နိုင်ဆုံး နေအိမ် အတွင်းသာ နေထိုင်ကြရန်၊ မိမိအိမ် တွင် ပြင်ပမှ လာသော ဧည့်သည် လက်မခံရန် နှင့် မိမိကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုရန် ၊မဖြစ်မနေ အရေးကြီး ကိစ္စကြောင့် နေအိမ် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်း နှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်း၊ မပြုလုပ်ကြရန်နှင့် (Mask) မတပ်ဆင်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ လေ၀င်လေထွက် မကောင်းသော အခန်းများကို ရှောင်ရန်နှင့် မိမိတို့ နေအိမ်များကို ပြူတင်း တံခါးများဖွင့်ပြီး လေ၀င်လေထွက် ကောင်းအောင် ပြုလုပ်ကြရန်၊ နှာခေါင်းစည်းများ ကို အိမ်အပြင်တွင် စနစ်တကျ စွန့်ပစ်ရန် နှင့် ကိုဗစ်- ၁၉ ကူးစက် ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြပါရန်၊ ရောဂါကူးစက်ပြန့်ပွားမှု ကိုအမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရန် ပြည်သူများ အားလုံးကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါ၀င်ပေးကြရန် အသိပညာပေး နှိုးဆော်ခဲ့ပြီး နှာခေါင်းစည်းများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
၀င်း၀င်းသန်း ( စဉ့်ကိုင်)