မချမ်းဘော့ ဩဂုတ် ၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)ကို မချမ်းဘော့မြို့နယ်၊ ထရန်ဒမ်းအထကကျောင်းတွင် ယမနေ့(၉)နာရီမှ စတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး၀န်ထမ်းများက ကာကွယ် ဆေးထိုးခြင်းမပြုမီ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ကျန်းမာရေး ၀န်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့၀င်များနှင့် Volunteer စေတနာ့၀န်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အနေဖြင့် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်ဘုန်းကြီးများ၊ ဘာသာရေးဓမ္မဆရာ/မများ၊ Volunteer စေတနာ့၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်း၊ နိုင်ငံ့၀န်ထမ်းများ၊ ဈေးသည် များနှင့် အုပ်စု(၁၂)အုပ်စုတွင် အကျုံး၀င်သည့် အုပ်စုအဖွဲ့များကိုထိုးနှံပေးလျက်ရှိရာ ထရန်ဒမ်းအထကကျောင်းတွင် ဆေးအလုံးရေ ၁၃၉လုံးဖြင့် လူဦးရေ (၂၇၈)ဦးထိုးနှံနိုင်ခဲ့ပြီး ယနေ့အထိထိုးနှံပြီးစီးမှု စုစုပေါင်းမှာ ဆေးအလုံးရေ(၂၆၄)လုံးဖြင့် လူဦးရေ (၅၂၈)ဦး ထိုးနှံနိုင်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်အနေဖြင့် ယခုထိုးနှံလျက်ရှိသည့် ဆေးမှာ တရုတ်နိုင်ငံထုတ် (Sinopharm) ဖြစ်ပြီး ဆေးအလုံးရေ (၄၀၀)ရရှိကာ တစ်လုံးတွင် လူနှစ်ဦးနှုန်းထိုးနှံ၍ ယခုထိုးနှံရန် ကျန်ရှိသည့်သူများကိုလည်း ဆက်လက်ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်