တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိပေးကြေညာ

တာချီလိတ်   ဩဂုတ်   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အများပြည်သူများအား ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှုခံယူနိုင်ကြောင်း အသိ ပေးကြေညာခဲ့သည်။

အဆိုပါ အသိပေးကြေညာချက်တွင် တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများအနေဖြင့် နေမကောင်းလျှင်ဖြစ်စေ၊ ချောင်းဆိုးလျှင်ဖြစ်စေ၊ အနံ့အရသာ မရလျှင်ဖြစ်စေ၊ မိမိကိုယ်ကို သံသယရှိလျှင် ဖြစ်စေ မကာဟိုခမ်းရပ်ကွက်ရှိ ပြည်သူ့ဆေးရုံဟောင်းနေရာ၌ နံနက်(၉)နာရီ အချိန်တွင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လည်းကောင်း၊ ကိုဗစ်-၁၉ရောဂါပိုး ရှိသူနှင့်ထိတွေ့ သူကွင်းဆက်စစ်ဆေးခြင်းကို   အင်္ဂါ၊ ကြာသပတေး၊ စနေ၊ တနင်္ဂနွေ နေ့များတွင် လည်းကောင်း  ကိုဗစ်-၁၉ရောဂါပိုးရှိမရှိ  စစ်ဆေးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးသည့်နေရာများမှ စစ်ဆေး၍ ကိုဗစ်-၁၉ရောဂါပိုးစစ်ဆေးတွေ့ ရှိပါက တာချီလိတ်မြို့နယ် ကိုဗစ်-၁၉ရောဂါ ကုသရေးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများဖြစ်သည့် မိုးကုတ်ရိပ်သာ၊ ခရိုင်အားကစားရုံ၊ ပြည်သူ့ဆေးရုံဟောင်းနှင့် ဝမ်လုံကုသရေးစင်တာများတွင် ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်း အသိပေးကြေ ညာခဲ့သည်။

ထို့ပြင် တာချီလိတ်မြို့နယ်အတွင်းရှိ အများပြည်သူများ ကိုဗစ်-၁၉ရောဂါများနှင့်ပတ်သက်၍အကူအညီလိုအပ်ပါက တာချီလိတ်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးကျော်(၀၉၂၅၈၅၂၅၅)၊ ခရိုင်  ဆေးရုံအုပ်ကြီး  ဒေါက်တာဝင်းနိုင်(၀၉၅၁၅၃၄၈၆)နှင့်   ပရိဟိတအဖွဲ့များဖြစ်သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း(၀၉၂၅၀၉၅၀၃၇၇)၊ အလင်းရောင်လူမှုကူညီရေးအသင်း (၀၉၂၆၃၇၂၃၄၅၀)၊ တာချီလိတ်နာရေးကူညီမှုအသင်း(၀၉၄၄၂၇၄၇၀၇၇)(၀၉၂၅၇၂၆၃၃၃၄) များသို့ ဆက်သွယ်အကြောင်းကြားနိုင်ပါကြောင်း သိရှိရသည်။ 

ခရိုင်(ပြန်/ဆက်)