ဖျာပုံ သြဂုတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် ဆက်စပ်သည့်သူများ၊ အနံ့မရခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ သံသယလူနာနှင့် ဆက်စပ်ထိတွေ့ခြင်းစသည့်ကျန်းမာရေး အခြေအနေများကြောင့် ဖျာပုံခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် သက်ဆိုင်ရာကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် Rapid Antigen Diagnostic Test Kit (RDT)ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ (Positive) ရောဂါပိုးတွေ့ရှိသူ(၂၁) ဦးတွေ့ရှိပြီး ၎င်းပိုးတွေ့ရှိများနှင့်ထိစပ်ခဲ့သူများအား သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ (သီးခြားနေအိမ်)များတွင် Home Base Facility Quarantine အဖြစ် အသွားအလာကန့်သတ်စောင့်ကြည့်ထားကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လူနာသစ်(၂၁)ဦးမှာ ဖျာပုံမြို့နယ်အမှတ် (၁)ရပ်ကွက်၊မှ ကျား(၁) ဦး၊ အမှတ်(၇)ရပ်ကွက်မှကျား(၁)ဦး၊မ(၂)ဦး၊ အမှတ်(၁၂)ရပ်ကွက်မှကျား(၃)ဦး၊ အမှတ်(၁၈)ရပ်ကွက်မှကျား(၂)ဦး၊ မ(၄)ဦး၊ ဖျာပုံမြို့နယ် အမာမြို့အမှတ်(၂)ရပ်ကွက်မှ ကျား(၂)ဦး၊မ(၆)ဦး၊ စုစုပေါင်းပိုးတွေ့လူနာသစ်(၂၁)ဦးတို့အား ဖျာပုံခရိုင်ပြည်သူဆေးရုံကြီးနှင့် အမာမြို့ တိုက်နယ်ဆေးရုံတို့တွင် ဆေးကုသမှုခံယူလျက်ရှိကြသည်။
ဖျာပုံမြို့နယ်အနေဖြင့် ကိုဗစ်၁၉ရောဂါဖြင့် ဆေးကုသမှုခံယူနေသော လူနာစုစုပေါင်း(၁၉၀)ဦး၊ အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူ(၂၅၀)ဦး၊ နေအိမ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ(၁၈၀)ဦး၊ ယနေ့ထိဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း(၃၂၇)ဦးနှင့် ယနေ့ထိ သေဆုံးသူစုစုပေါင်း(၅၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖျာပုံခရိုင်ပြန်/ဆက်