နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ်လျဉ်း၍ အခက်အခဲမရှိစေရန် ဆောင်ရွက်

နောင်ချို           ဩဂုတ်      ၉ 

ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါနှင့်စပ် လျဉ်း၍ အခက်အခဲမရှိစေရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ သံသယလူနာများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသူများနှင့် ထိတွေ့ဆက်စပ်သူများကို အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ အထိ နံနက် ၉ နာရီမှ ၁၂ နာရီအထိ ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊ အရေးပေါ်လူနာများ ဖြစ်ပါက ပြည်သူ့ဆေးရုံမှ အချိန်ပြည့်ကြပ်မတ် စစ်ဆေးကုသ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ပြည်သူများအနေ ဖြင့် နေမကောင်းဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အနံ့အရသာမရခြင်း၊ မိမိကိုယ်ကိုသံသယဖြစ်လျှင် ဆေးရုံ အရေးပေါ်ဌာနသို့ အချိန်မရွေးဆက်သွယ်၍ စစ်ဆေးမှု ၊ ကုသမှုခံယူနိုင်ကြောင်း နောင်ချိုမြို့နယ်ကျန်းမာ ရေးဌာနမှ သိရသည်။

၎င်းအပြင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာများကို ကြပ်မတ်ကုသရန်အတွက် နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၊ မြနန်းတော်ဝင်ခန်းမ၊ သဖန်းကိုင်းပရဟိတစင်တာ၊ သုံးဆယ်တိုက်နယ်ဆေးရုံတို့တွင် စီစဉ်ဆောင်ရွက်ထားရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ဆက်သွယ်မေးမြန်းနိုင်ရန် မြို့ပေါ် (၆) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃၅) အုပ်စုတွင် ပရဟိတအဖွဲ့များ ဦးဆောင်သည့် Call Center ၊ သုံးဆယ်တိုက်နယ်ဆေးရုံနှင့်  တောင်ရှည်တိုက်နယ်ဆေးရုံတို့တွင်   မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများဦးဆောင်သည့် Call Center များ၏ ဖုန်းနံပါတ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၏ We Love Naunghkio Facebook Page တွင် လွှင့်တင်ထားပေးကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများထဲမှ အောက်ဆီဂျင်လိုအပ်ချက် ရှိသူများအတွက် အောက်ဆီဂျင်လုံလောက်စွာရရှိနိုင် ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့်ပရဟိတအဖွဲ့ များပူးပေါင်းကာ အလှူရှင် များ၏ အကူအညီဖြင့် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီး ဌာနမှ သိရသည်။

 ထွေးငယ်၊(ပြန်/ဆက်)