အမြို့မြို့အနယ်နယ်သတင်းများ

Aug 27,2020
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ အာရုံစျေးတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာစေရေးအတွက် အသံချဲ့စက်ဖြင့် ထပ်မံကြေညာ နှိုးဆော်ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှ ယနေ့နံနက် ၃ နာရီက မြို့နယ်ရွှေတည်စျေးသစ်နှင့် လေဟာပြင်အာရုံစျေး၌ ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ အသိပေး ထုတ်ပြန်ခြင်းအား ဆောင်ရွက်ခဲ့ကြသည်။
Aug 27,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် နိဗ္ဗာန်းကျေးရွာတို့တွင် ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂နာရီ အချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Aug 27,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌မြို့ပါ်ရောင်းချလျက်ရှိသော ဆေး ဆိုင်များ၊ ကုန်စုံဆိုင်များအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
Aug 27,2020
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒ သင်တန်း ဆင်းပွဲအခမ်းအနားကို ပျဉ်ဂန်းကျေးရွာ မူလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Aug 27,2020
ပဲခူးတိုင်ဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန် အတွက် နေအိမ်ပြင်ပထွက်ခွာလျှင် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရန် လိုက်လံအသိပေး နှိုးဆော်ရေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက် ၁၁ နာရီ မှစတင်ကာ မြို့ပတ်၍ လိုက်လံအသိပေး နှိုးဆော်ခဲ့သည်။
Aug 27,2020
မွန်ပြည်နယ်၊ မော်လမြိုင် (CBFQ)၌ COVID-19 Case (482) လူနာနှင့်ထိတွေ့ခဲ့သူ ကျန်းမာရေး စစ်ဆေးချက် အဖြေများကို ယနေ့ နေ့လယ်၌ Mon State Health Department Facebook Page ၌ တရားဝင်ထုတ်ပြန်ခဲ့သည်။
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် Covid-19 ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် စစ်ဆေးရေးဂိတ်များကို သြဂုတ် ၂၇ ရက်နေ့ နံနက်ပိုင်းမှစတင်၍
Aug 27,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများ အတွက် ဒုတိယအကြိမ် ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၁)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။