ကျွန်းလှ ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြို့ပါ်ရောင်းချလျက်ရှိသော ဆေး ဆိုင်များ၊ ကုန်စုံဆိုင် များအား ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆေးဝါးများ၊ နှာခေါင်းစည်း(mask)များ၊ လက်ဆေးရည် (hand gel) များ ကို ဈေးနှုန်းမြှင့်တင် ရောင်းချပါက အမိန့်ကြော်ငြာစာ အမှတ်၂၁/၂၀၂၀ဖြင့် ထုတ်ပြန်ထားသော အရေး ကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရှိရသည်။
အဆိုပါ ဆေးဆိုင်နှင့် ကုန်စုံဆိုင်များ စစ်ဆေးခြင်းကို ခရိုင်၊ မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းပြီး ဆောင်ရွက်ကြောင်း သိရှိရသည်။
မျိုးဝင်းညို(ကျွန်းလှ)