Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒေါ့ဖုန်းယန်မြို့ဈေးအတွင်းတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေး အသိပညာပေးခြင်းဆောင်ရွက်
Aug 29,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ ဈေးအတွင်းတွင် ဈေးရောင်းဈေးဝယ်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်း Mask တပ်ဆင်နိုင်ရေးအတွက် အသိပညာပေး ဆောင်ရွက် ခြင်း ကို ယနေ့ နံနက် ၇ နာရီကမြို့မဈေးတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့တွင် မဲဆန္ဒရှင်စာရင်းများမှ ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူများကို ပြင်ဆင် ဆောင်ရွက်ပေး
Aug 29,2020
ပုသိမ်မြို့တွင် ယမန်နေ့အထိ ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင် များအား ပုံစံ-၃ ၊ပုံစံ - ၄၊ ပုံစံ ၄-ဂ တို့ဖြင့် လျှေက်ထားသူများကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲစာရင်းထည့်သွင်းခြင်း၊ ပယ်ဖျက်ခြင်း ၊ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ရပ်ကွက် နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ရုံးများက ပုံစံ-၃ ဖြင့် လျှောက်ထား လာသူ ၃၈၁၅ ဦး၊ မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ -၄ ဖြင့်လာရောက် ကန်ကွက်သူ ၉၅၃ ဦး မဲစာရင်းနှင့်ပတ် သက်၍ ပြင်ဆင်လွှာ ပုံစံ ၄-ဂ ဖြင့်လျှောက်ထားသူ ၁၂၉၃ ဦးအား ပြင်ဆင်ပြီးစီးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေကြည်မြို့နယ် အသုတ်မြို့ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးနှင့်ထိန်းချူပ် ရေးလုပ်ငန်း များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ အသုတ်မြို့ရှိ ဒေသခံပြည်သူများအနေ ဖြင့် ပေါ့ဆစွာ နေထိုင် ခြင်း မပြုကြရန်နှင့် မိမိနေအိမ်မှ ပြင်ပ ထွက်ခွာ သွားလာရာတွင် အသိ သတိ အမြဲရှိနေစေရေးတို့အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီမှ ယနေ့ နံနက်(၈)နာရီတွင် လူစည်ကားရာ မြို့မဈေးရှေ့၌ ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးနေ
Aug 29,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အထွေထွေရွေးကောက်ပွဲကြီးအတွက် ပြည့်စုံသော မဲဆန္ဒရှင်စာရင်း ရရှိစေရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိစေရေးနှင့် ဆန္ဒမဲပေးခွင့် ရရှိစေရေး အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေး လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခါင်းစည်းMaskများ ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Aug 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရေးအတွက် မြို့နယ်အတွင်းရှိ သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီး ရှေ့လမ်းဆုံနှင့် ဟိုပုံးမြို့မဈေးသွားလမ်းတွင် နှာခေါင်းစည်း Mask များဖြန့်ဝေ ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ကို ယနေ့ နံနက် ၈ နာရီအချိန်မှစတင်၍ ဆောင်ရွက်ခဲ့ ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းကုန်းမြို့တွင် ကိုဗစ်-၁၉ ကာလ စည်းကမ်းနှင့်အညီ မဲပေးနိုင်ရေးညှိနှိုင်းဆွေးနွေး
Aug 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲတို့ ကိုဗစ်-၁၉ ကာလ စည်းကမ်းနှင့်အညီ ဆန္ဒမဲပေးနိုင်ရေးအတွက် ညှိနှိုင်း ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ဆွေးနွေးပွဲပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဖားကန့်၌ မသန်စွမ်းသူများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့
Aug 29,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါ၊ မကာပင်၊ ဆပ်ပြာချောင်းတို့မှ မသန်စွမ်းသူ(အသစ်)များအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မသန်စွမ်းသူများပြန်လည်ထူထောင် ရေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အကူပြုပစ္စည်းကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်နှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းများအတွက် ဓာတ်မြေသြဇာများ အခမဲ့ပေးအပ်
Aug 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်နှင့် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းများအတွက် မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်သော တောင်သူလယ်သမားများအတွက် ဓာတ်မြေသြဇာများ ပေးအပ်ခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက တောင်သူလက်ဝယ်အရောက် အခမဲ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26054
Page
26055
Page
26056
Page
26057
Current page
26058
Page
26059
Page
26060
Page
26061
Page
26062
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department