ထန်းတပင်မြို့နယ်၌ တိရစ္ဆာန်အာဟာရဗေဒ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထန်းတပင် (ပဲခူး) ဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တိရစ္ဆာန် အာဟာရဗေဒ သင်တန်း ဆင်းပွဲအခမ်းအနားကို  ပျဉ်ဂန်းကျေးရွာ  မူလွန်ကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းထွန်းက သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် ပြည်သူများ တိရစ္ဆာန်များကို ခေတ်စနစ်နှင့်အညီ မွေးမြူကြရန် လိုအပ်ပါကြောင်း၊ သင်တန်းမှ ပို့ချသော သင်ခန်းစာများကို သေချာစွာ လိုက်နာဆောင်ရွက်ကြရန်နှင့် သင်တန်းသူ/သားများအနေဖြင့် သင်တန်းမှ ပို့ချသော ပညာရပ်များကို အခြား မွေးမြူရေး လုပ်ကိုင်နေသောသူများကို ပြန်လည်၍ မျှဝေပေးစေလိုကြောင်း တို့ကိုပြောကြားခဲ့ပြီး သင်တန်းကို ၂၀၂၀ပြည့်နှစ် ဂုတ်လ (၂၂) ရက်နေ့မှ (၂၇)ရက်နေ့အထိ (၆)ရက်တာ ရက်တိုသင်တန်း ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)