ပေါင်းတည်မြို့ အာရုံစျေးတွင် ညမထွက်ရအမိန့်နှင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး လမ်းညွှန်ချက်များအား အသံချဲ့စက်ဖြင့် ကြေညာနှိုးဆော်ခြင်း ထပ်မံဆောင်ရွက်

ပေါင်းတည် သြဂုတ် ၂၇

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါင်းတည်မြို့ အာရုံစျေးတွင် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နှင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကျန်းမာရေဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား တိတိကျကျ လိုက်နာစေရေးအတွက် အသံချဲ့စက်ဖြင့် ထပ်မံကြေညာ နှိုးဆော်ဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ကော်မတီမှ ယနေ့နံနက် ၃ နာရီက မြို့နယ်ရွှေတည်စျေးသစ်နှင့် လေဟာပြင်အာရုံစျေး၌ ပူးပေါင်းအဖွဲ့များနှင့်အတူ သွားရောက်၍ အသိပေး ထုတ်ပြန်ခြင်းအား ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ ထပ်မံနှိုးဆော်ကြေညာ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင်များ မြီု့နယ်ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများ မြန်မာနိင်ငံရဲတပ်ဖွဲ့ ဝင်များမြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စေတနာ့ဝန်ထမ်း အရပ်ဘက်လူမှုရေး အသင်း အဖွဲ့များ ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ မြို့နယ်သတင်းမှန်ထုတ်ပြန်ရေး အဖွဲ့ဝင်များနှင့် စျေးတာဝန်ခံများက ပူးပေါင်း၍ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ထပ်မံထုတ်ပြန်ကြေညာရာတွင် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် ရည်ရွယ်၍ အာရုံစျေးသို့ လာရောက်ရောင်းချသူများနှင့် သွားရောက်ဝယ်ယူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုသည် ကပ်ရောဂါအသွင်ဖြင့် မြန်မာနိုင်ငံအတွင်း လျင်မြန်စွာ ကူးစက်ပြန့်ပွားသည့် အပြင် လူနာသစ်များစွာ နေ့စဉ်တွေ့ရှိလာနေသည့်အပေါ် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ အညီ ရောင်း/ဝယ်ခြင်းများကို ဆောင်ရွက်ပေးရေး ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကို သိရှိလိုက်နာကြရေး အများပြည်သူတို့၏ ကျန်းမာရေးအတွက် စျေးအတွင်း/အပြင်နှင့် သတ်မှတ် ထားသည့် နေရာများတွင်လက်ကို မကြာခဏ ဆေးကြောပေးရေး စျေးရောင်းသူ/စျေးဝယ်သူများအနေဖြင့် ပါးစပ်နှာခေါင်းစည်း Mask အား မဖြစ်မနေ တပ်ဆင်ပေးရေးနှင့် ရောင်းချသူများက ကုန်ပစ္စည်းများကို လက်အိတ်ဖြင့် ကိုင်တွယ်ကြရေး တစ်ဦးနှင့် တစ်ဦး (၆)ပေအကွာမှ ရောင်းဝယ်ကြရန်တို့ ပါဝင်ပြီး လိုက်နာမှုမရှိက စျေးရောင်းချခွင့် ပိတ်သိမ်းသွားမည့်အပြင် ကူးစက် ရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သွားမည်ဟု ဖော်ပြပါရှိကြောင်း သိရသည်။

တင်ဝင်းဇော်(မင်းသားကြီး)