မင်းဘူး ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် နိဗ္ဗာန်းကျေးရွာတို့တွင် ကမ်းပြိုဘေးသင့်ပြည်သူ များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂နာရီ အချိန်က မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၊ ကျောင်းကုန်းကျေးရွာနှင့် နိဗ္ဗာန်းကျေးရွာတို့တွင် သြဂုတ်လ ၂၃ ရက် နေ့က ဖြစ်ပွားခဲ့သော ဧရာဝတီမြစ်ရေ တိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၁ လုံး ကြိုတင် ပြောင်းရွေ့ခဲ့ရသည်။
အဆိုပါ ကမ်းပြိုဘေးသင့် အိမ်ခြေ(၁၁)လုံး၊ အိမ်ထောင်စု(၁၁)တို့အတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေကျပ် (၁၁၀၀၀၀၀)၊ လူဦးရေ(၄၁) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ တန်ဖိုးငွေ ၈၆၁၀၀ ကျပ်၊ စုစုပေါင်းထောက်ပံ့ ပေးအပ်ငွေ(၁၁၈၆၁၀၀)ကျပ်ကို မင်းဘူးခရိုင် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်း ပေးအပ် ခဲ့ကြောင်း သိရှိရသည်။
ကျော်စိုးဝင်း(မင်းဘူး)