သာကေတ အောက်တိုဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာအထောက်အကူပြုလုပ်ငန်းကော်မတီနှင့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီတို့ ပူးပေါင်းကျင်းပသည့် သာကေတမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲအုပ်စုပွဲစဉ်များကို အောက်တိုဘာ ၁၃ ရက်နေ့က သာကေတမြို့နယ် အားကစားကွင်း၌ ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြသည်။
အုပ်စုပွဲစဉ်များအဖြစ် နံနက် ၇ နာရီခွဲတွင် စက်မှု လက်မှုရပ်ကွက် (A) အသင်းနှင့် ၇/အနောက်ရပ်ကွက် (A) အသင်း၊ ၇/အနောက်ရပ်ကွက် (B) နှင့် ရှုခင်းသာရပ်ကွက် (A) အသင်းများ၊ ညနေ ၄ နာရီတွင် ၂/တောင်ရပ်ကွက် ( B) အသင်းနှင့် ၈/ရပ်ကွက် (B) အသင်း၊ ရှုခင်းသာရပ်ကွက် (B) အသင်းနှင့် ၆/အနောက်ရပ်ကွက် (B) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
အုပ်စုပွဲစဉ်များ အောက်တိုဘာ ၁၄ ရက်တွင် ပြီးဆုံးမည်ဖြစ်ပြီး ရှုံးထွက်ပွဲစဥ်များအဖြစ် အောက်တိုဘာ ၁၆ ရက်တွင် နံနက်ပွဲ၊ ညနေပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
အိရွှေစင်လတ်(ပြန်/ဆက်)