နမ့်စန်မြို့ ပန်လင်းဆိုင်ကျေးရွာတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၅)ဖွင့်လှစ်

နမ့်စန်() အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနကဖွင့်လှစ်သော အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်၁၀နာရီက ဝမ်ပိန်းကျေးရွာအုပ်စု ပန်လင်းဆိုင်ကျေးရွာရှိ မတ်ကျန်းဌာနေပြည်သူ့စစ်ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းက သင်တန်းဖွင့်ပွဲမိန့်ခွန်းနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် မတ်ကျန်းဌာနေပြည်သူ့စစ်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးခမ်းစိန်မိန်းတို့က ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးက ထောက်ပံ့ပေးအပ်သည့် မီးငြှိမ်းသတ်ရေးဝတ်စုံနှင့် ရှာဖွေကယ်ဆယ်ရေးဝတ်စုံများအား ပေးအပ်ခဲ့ရာ သင်တန်းသားများကိုယ်စား သင်တန်းသား(၂)ဦးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၃ ရက်မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ဖွင့်လှစ်၍ မီးသတ်တပ်ဖွဲ့၏ အခန်းကဏ္ဍ၊ မီးဘေးအန္တရာယ်အပါအဝင် ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအကြောင်း၊ အခြေခံစစ်ရေးပြနှင့် အခြေခံမီးသတ်ပညာ၊ ရှာဖွေကယ်ဆယ်ရေးပညာ စသည့် ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ပန်လင်းဆိုင်ကျေးရွာအတွင်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား စုစုပေါင်း (၅၀)ဦး တက်ရောက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

သူရအောင်(နမ့်စန်)