မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မုဒုံ အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊​ မုဒုံမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း အမှတ်စဥ် (/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် မုဒုံမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးပြည်သိမ်းက ရာသီဥတုပြောင်းလဲဖြစ်စဥ်များကြောင့် မီးဘေးအန္တရာယ် အပါအဝင် သဘာဝဘေးအန္တရာယ်များ မကြာခဏဆိုသလို ဖြစ်ပေါ်ကြုံတွေ့ရသည့်အတွက် ဘေးအန္တရာယ်များကို သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရှေ့တန်းကတုံ့ပြန်ရင်ဆိုင်ရမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ပစ္စည်းကိရိယာများ၊ ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

အဆိုပါ သင်တန်းကို အရန်မီးသတ်သင်တန်းသား (၅၀ဦးအား ရက်သတ္တ()ပတ်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)