ကျိုက်လတ်မြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေး

ကျိုက်လတ် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုး အဘွားများနှင့်ဦးစားပေးအဆင့်လိုက် ပြည်သူ(၆၈၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဒုတိယနေ့အဖြစ်ယမန်နေ့ နံနက်ပိုင်းနာရီအချိန်မှ စတင်ကာ အထက- ၁၊ အထက -၃ကျောင်းခန်းမများ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင်ဩဂုတ်လ၈ရက်နေ့တွင်ပထမအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသည့်အသက် ၆၅ နှစ် နှင့်အထက် အဘိုးအဘွားများ၊ စေတနာ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များ၊ သံဃာတော်များ/ သီလရှင် များ၊ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်း၊ ဈေးရောင်းချသူများအထက-၁ကျောင်းခန်းမတွင်၃၂၀ဦး၊ အထက-၃ကျောင်းခန်းမတွင်၃၆၀ဦးတို့အား စုရပ်နှစ်ရပ်ခွဲ၍နံနက်၉နာရီမှ ညနေ၃နာရီအထိကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)  စနစ်တကျထိုးနှံပေးသွားမှာကြောင်း သိရ သည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသူများအား ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ အောက်ဆီဂျင်တိုင်းပေးခြင်းများဆောင်ရွက်ပေးလျက်ရှိ ပြီးကျိုက်လတ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ နှင့်လူမှုရေးအသင်း အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများကလိုအပ်သည်များ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ဌေးဌေးလှိုင်