ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံအိမ်ထောင်စုဝင်များအတွက် အခြေခံစားကုန်ဆန်များ ထောက်ပံ့ ပေးအပ်

မန္တလေး စက်တင်ဘာ ၇

 

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိအခြေခံအိမ်ထောင်စုများအား ကိုဗစ်ကာလအတွင်း စားဝတ် နေရေးအထောက် အကူပြုရန် အခြေခံစားကုန်ဆန်များ ထောက်ပံ့ပေးခြင်းကို မန္တလေးမြို့၊ ပြည်ကြီး တံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်းတွင်  ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး နှင့်တာဝန်ရှိသူများ၊ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အခြေခံအိမ်ထောင်စုဝင်များ တက်ရောက် ခဲ့ကြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က အိမ်ထောင်စုဝင်များအားတွေ့ဆုံ၍ တိုင်းဒေသကြီး အတွင်း ကျန်းမာရေး၊ ပညာရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံဆောင်ရွက်နေမှုများ၊ ထောက်ပံ့ပေးရခြင်းရည်ရွယ်ချက်များ၊ ကိုဗစ်ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှုများ၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများကြောင့် ပိတ်ထားရသည့် စက်မှုဇုန်ရှိစက်ရုံအလုပ်ရုံများပြန်လည်ဖွင့်လှစ်သည့်အခါကိုဗစ်စည်းကမ်းချက်များနှင့် အညီလိုက်နာရန် အချက်များ၊လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုပြောကြားပြီးနောက် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အိမ်ထောင်စု တစ်စုလျှင် ဆန်( ၆ )ပြည်နှုန်းဖြင့် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံ အိမ်ထောင်စု (၂၅,၁၂၃)စု၊ လူဦးရေ(၁၁၀,၈၂၁)ဦးအတွက် ငွေကျပ် (သိန်းတစ်ထောင့်သုံးရာသုံးဆယ့် ရှစ်သိန်းနှစ်သောင်းခြောက် ထောင်သုံးရာရှစ်ဆယ်ငါး)တန်ဖိုးရှိ ဆန်အိတ်(၆,၂၈၀) အိတ်ကျော်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)