ဒေးဒရဲ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ အောက်ဆီဂျင်စက်ရုံ၌ အောက်ဆီဂျင်စမ်းသပ်ထုတ် လုပ်နေမှု အခြေအနေ အား ယမန်နေ့မွန်းလွဲ ၂နာရီခွဲက ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အမှတ်(၁)ရပ်ကွက် အောက်ဆီဂျင်စက် စမ်းသပ် ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက စက်တပ်ဆင်ထားရှိမှုအခြေအနေနှင့် အောက်ဆီဂျင်ထုတ်လုပ်မှု အခြေအနေတို့ကိုရှင်းလင်းတင်ပြပြီး ၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည် များကို စနစ်တကျပူးပေါင်းအကောင် အထည်ဖေါ်ဆောင်ရွက်ကြရန်နှင့်ကျန်းမာရေး ဝန်ကြီးဌာနမှသတ်မှတ် ထားသောအောက်ဆီဂျင်ထုတ်လုပ်မှုဆိုင်ရာ သတ်မှတ်စံနှုန်းများနှင့်အညီ ထုတ်လုပ်နိုင်ရေး လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရသည်။
အေဇာလင်း(ပြန်/ဆက်)