အမြို့မြို့အနယ်နယ်သတင်းများ

Oct 17,2025
ရန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် သန်လျင်မြို့၌ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဒေသ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များ၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
Oct 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကျွဲနွားတိရစ္ဆာန်အစာပင် ၁၂၉၀၉ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
Oct 17,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ မျိုးကွဲများအလိုက် ၉၈၅၄၁ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။
Oct 17,2025
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားမှုကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသည်။
Oct 17,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၌ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းများ အကောင်အထည်ဖော်ဆောင်ရေး ခရိုင်အဆင့် လုပ်ငန်းအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီခွဲက ကွင်းဆင်းစစ်ဆေးသည်။
Oct 17,2025
မန္တလေးတိုင်းဒေသကြီး  ပြည်ကြီးတံခွန်မြို့နယ် အထက(၂၇)အခြေခံပညာအထက်တန်းကျောင်း အောင်တံခွန်ခန်းမ၌ ယမန်နေ့ မွန်းလွဲ၁နာရီက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုချီးမြှင့်ပွဲကျင်းပသည်။
Oct 17,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
Oct 17,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများတွင် ပုံမှန်ဆောင်ရွက်လျှက်ရှိရာ၊ အောက်တိုဘာ၁၇ရက် နံနက်(၁၀)နာရီက ပြည်တော်သာရပ်ကွက်ရှိ Leaders Of Tomorrow International School တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။