ကျိုက်လတ် အောက်တိုဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် ကော်ဖီပျိုးပင် ပေးအပ်ပွဲနှင့် စိုက်ပျိုးနည်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရုံးဒေါင့်ကျေးရွာရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးသရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကော်ဖီပျိုးပင်များစိုက်ပျိုးရာ၌ ကော်ဖီတွင်ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ် ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်း (ခေါ်) antioxi-dant အာဟာရဓာတ်သတ္တုများပါဝင်နေခြင်း၊ ခန္ဓာကိုယ်အတွင်း အဆီလောင်ကျွမ်းမှုကို အားပေးကူညီနိုင်ခြင်း၊ အသည်းကိုအားကောင်းစေခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်းသိရသည်။ ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဖုန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များစုပေါင်း၍ ကော်ဖီပျိုးပင်များ စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
လှိုင်မင်းအောင်