ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံမျိုးစုံ မျိုးကွဲများအလိုက်(၉၈၅၄၁)ဧက စိုက်ပျိုး

ကျောက်ဆည် အောက်တိုဘာ  ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံမျိုးစုံ စိုက်ပျိုးထားရှိရာ မျိုးကွဲများအလိုက် ၉၈၅၄၁ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

သီးနှံမျိုးစုံစိုက်ပျိုးရာ၌ မိုးစပါး(၅၂၃၃၄)ဧက၊ ဆီထွက်သီးနှံများဖြစ်သည့် ဆင်းပဒေသာမြေပဲ ဧက(၃၀၀)၊ ဆင်းရတနာ-၄ နှမ်း(၃၇၆၀)ဧက၊ ဆင်းရွှေကြာ-၂ နေကြာ(၂၆၈၇)ဧက၊ ရေဆင်း-၁ နေကြာ ဧက(၄၈၀)၊ ရေဆင်း-၁၁ ပဲတီစိမ်း(၉၃၅၆)ဧက၊ တစ်လပဲ(၆၇၇၃)ဧက၊ ရွှေဒင်္ဂါးပဲစင်ငုံ(၉၄၀)ဧက၊ ဒီမွန်ငရုတ်မျိုး (၉၃၅)ဧက၊ စပ်မျိုးငရုတ်မျိုး ဧက(၆၈၀)၊ ခရမ်းချဉ်(၂၃၂)ဧက၊ ရုံးပတီ(၃၆၅)ဧက၊ အခြားသီးနှံများ ဖြစ်သည့် ချဉ်ပေါင်၊ နံနံ ကာလတိုသီးနှံ(၁၈၁၅)ဧက၊ နှံစားပြောင်း(၂၉၉၄)ဧက၊ ဖူးစားပြောင်း (၁၆၉၁)ဧက၊ ကျွဲနွားစာ(၉၃၃၂)ဧက၊ နနွင်း (၉၉၃)ဧက၊ ရွှေတောင်(၈) ချည်မျှင်ရှည်ဝါ(၆၂၀)ဧက၊ ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ(၈၀၂)ဧက၊ B-31 ချည်မျှင်ရှည်ဝါ(၆၅၅)ဧက၊ Raka ချည်မျှင်ရှည်ဝါ (၈၅၇)ဧက စုစုပေါင်း(၉၈၅၄၁)ဧက စိုက်ပျိုးထားကြောင်း သိရသည်။

မိုးသီးနှံများ စိုက်ပျိုးရာ၌ နေရာဒေသအလိုက် ဆည်ရေ၊ မိုးရေ၊ မြေအောက်ရေများ အသုံးပြု၍ စိုက်ပျိုး ကြကြောင်းနှင့် သီးနှံများအောင်မြင်ဖြစ်ထွန်းရေး သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများက စိုက်နည်းစနစ်များ၊ မျိုးစေ့များ၊ စိုက်ပျိုးရေများ ပြည့်ဝစွာပေးဝေးနိုင်ရေး တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)