ရန်ကုန် အောက်တိုဘာ ၁၇
ရန်တိုင်းဒေသကြီး၊သန်လျင်ခရိုင် သန်လျင်မြို့၌ ရန်ကုန်တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်ဒေသ ပြည်ပဆက်ဆံရေးကော်မတီ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့များ၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရှင်စောပုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက အမှာစကားပြောကြားပြီ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအောင်သိုက်ဝင်းမှ သန်လျင်ခရိုင်/မြို့နယ်နှင့်ပတ်သက်သည့် သမိုင်းကြောင်းနှင့် ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ ပြည်ပဆက်ဆံရေးကော်မတီအစိုးရအဖွဲ့မှ ပြန်လည်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။ ထို့နောက် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။
ဖြိုးသီဟ(သန်လျင်)