Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးလူငယ်စကားဝိုင်းဆွေးနွေး
Oct 17,2025
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀နာရီက သံဖက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကျင်းပ
Oct 17,2025
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် သုံးမွှာပူးမွေးဖွား
Oct 17,2025
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ရေရှင်ကျေးရွာနေ အဖဦးဝင်းမင်းကို၊ အမိဒေါ်ယဉ်ယဉ်ထွေးတို့၏ သားဦး သုံးမွှာပူးကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာဝင်းထိုက်၊ ဒေါက်တာကျော်ကျော်လွင်နှင့် ဝန်ထမ်းများက အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁နာရီ မိနစ် ၄၀ တွင် ပထမကလေးတစ်ဦး၊ မွန်းလွဲ ၁နာရီ ၄၁မိနစ်တွင် ဒုတိယကလေးတစ်ဦးနင့် မွန်းလွဲ ၁နာရီ ၄၂မိနစ်တွင် တတိယကလေးတစ်ဦးတို့ကို အောင်မြင်စွာမွေးဖွားပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်
Oct 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင် မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် မြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်အစိုးရအဖွဲ့ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် (၁၅)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော် အောင်မြင်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း
Oct 17,2025
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ်၊ (၁၅)ကြိမ်မြောက် စုပေါင်း မဟာဘုံကထိန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး
Oct 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် အပတ်စဉ်သောကြာနေ့တိုင်း သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို အောက်တိုဘာဘာ၁၇ ရက် နံနက်(၈)နာရီမှစတင် ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မိတ္ထီလာမြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်းများ စနစ်တကျပြုစုပြီးစီးရေး ကြည့်ရှုစစ်ဆေး
Oct 17,2025
မိတ္ထီလာမြို့နယ်အဆင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာဖြင့် အချိန်မီစနစ်တကျ ပြုစုပြီးစီး နိုင်ရေးဆောင်ရွက်နေမှုကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက မန္တလေးတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးနေလင်းစိုး လာရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပန်မြို့နယ်တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုနည်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကွင်းဆင်းဆောင်ရွက်
Oct 17,2025
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့်မဲဆန္ဒရှင်အများ ပြည်သူတို့မှန်ကန်၊ မြန်ဆန်၊ လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ဟုရည်ရွယ်လျက် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်၊ မွေတော်ဘုန်းတော်ကြီးကြောင်း၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း စနစ် အသိပညာပေးဟောပြောခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2577
Page
2578
Page
2579
Page
2580
Current page
2581
Page
2582
Page
2583
Page
2584
Page
2585
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department