မင်းတုန်းမြို့နယ်၌ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာ

မင်းတုန်း အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားမှုကို ယနေ့နံနက် ၉ နာရီက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အမှတ်(၃)ရပ်ကွက်နှင့် အမှတ်(၄)ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်သူများ မဲပေးခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်စာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေးတို့ စနစ်တကျ အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ကြပြီး ရပ်ကွက်အတွင်းမဲဆန္ဒရှင်စာရင်းနှင့် အိမ်ထောင်စုဇယား တိုက်ဆိုင်စစ်ဆေးခြင်းကို တစ်အိမ်ချင်းအလိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)