မိုင်းယန်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

မိုင်းယန်း        အောက်တို့ဘာ          ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင် မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရန်အတွက် မြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာများတွင် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်း စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ရပ်ကွက်၊ ကျေးရွာ ရပ်ကျေး စာရေးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများတို့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ဆန္ဒမဲပေးနိုင်မည့် မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခြင်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း မြို့သိရသည်။

မိုင်းယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌  ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်းများကပ်ထားကြေညာပေးခြင်း၊ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိစေရေး စိစစ် ဆောင်ရွက်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ထွန်းထွန်းထူး