မိုင်းပန် အောက်တိုဘာ ၁၇
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့်မဲဆန္ဒရှင်အများ ပြည်သူတို့မှန်ကန်၊ မြန်ဆန်၊ လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် ဟုရည်ရွယ်လျက် မြို့နယ်အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ တာဝန်ရှိသူတို့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အနောက်ရပ်ကွက်၊ မွေတော်ဘုန်းတော်ကြီးကြောင်း၌ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုနည်း စနစ် အသိပညာပေးဟောပြောခြင်းနှင့် စမ်းသပ်ဆန္ဒမဲပေးခြင်း လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စမ်းသပ်ဆန္ဒမဲပေးခြင်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူတို့က မြန်မာ/ရှမ်း နှစ်ဘာသာဖြင့် (MEVM) စက်နှင့်စမ်းသပ် ဆန္ဒမဲပေးခြင်းများနှင့်ပတ်သက်၍ ယခုကဲ့သို့လာ ရောက်ကွင်းဆင်းဆောင်ရွက်ရခြင်းအကြောင်း၊ မကြာမီကျင်းပတော့မည့် ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MYANMAR ELECTRONIC VOTIN MACHINE) အသုံးပြု၍မဲဆန္ဒရှင်ပြည်သူလူထု မဲပေးသွားနိုင်ရေးအတွက်လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ မိုင်းပန်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးဝန်ထမ်းများနှင့်တာဝန် ရှိသူတို့က မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖွဲ့စည်းထားရှိပုံ၊ မဲဆန္ဒရှင်များ ဆန္ဒမဲပေးရာတွင် အဆင်ပြေချောမွေ့စေရေး အဆိုပါမဲပေး စက်အသုံးပြုပုံ အဆင့်ဆင့် အားရှင်းလင်းပြသပေးခြင်း၊ တက်ရောက်လာ သူများက တစ်ဦးချင်းအလိုက်လက် တွေ့စမ်းသပ် မဲပေးခြင်းတို့ဆောင်ရွက်ခဲ့ပေးခဲ့ကြပြီး စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)